Monday, October 30, 2017

ရခိုင်ပြည်နယ်ကို ဘယ်လိုကယ်တင်မလဲ





အလင်းရောင်

လွတ်လပ်ရေးမရခင်အချိန်ကတည်းက ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂလီအကြမ်းဖက်မှုအန္တရာယ်ကို မြန်မာနိုင်ငံသာမက ကမ္ဘာအရပ်ရပ်မှာလဲခံစားနေရတာ မိဘပြည်သူများအသိပင်ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ပထ၀ီနိုင်ငံရေးအရကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများ၏ စနက်ဆိုးများ အကျင့်ဆိုးများ အသုံးပြုကာ မြန်မာနိုင်ငံပေါ် နိုင်ငံရေးအရ အနိုင်ကျင့်ဗိုလ်ကျလာသည်မှာ နှစ်ပေါင်းမနည်းတော့ပေ
သတင်းမီဒီယာအား၊ဓနအင်အား၊စစ်လက်နက်အင်အား အစစအရာရာ သာလွန်သော နိုင်ငံများသည် မြန်မာနိုင်ငံကဲ့သို့သော သယံဇာတပေါကြွယ်ဝပြီး ပထ၀ီအနေအထားအရကောင်းမွန်သော နိုင်ငံတစ်နိုင်ငံကို ဖိအားပေးရန်အတွက် လူအားငွေအား အလုံးအရင်းဖြစ် စနစ်တကျ ဖျက်ဆီးခဲ့သည်ကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့သည့်သမိုင်းတွင်ထင်ရှားသော မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာအခြေတည်ပြီး နိုင်ငံတော်၏ အမျိုးသားရေးကို ဦးထိပ်ပန်ဆင်လျက် မိမိနိုင်ငံကို သီးခြားတည်ဆောက်ခဲ့ကြောင်းသက်သေကို ပြသခဲ့ပြီးဖြစ်သည်။
ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတော်သစ်ကို ခိုင်မာစွာရပ်တည်နိုင်ဖို့ရာ အခြေခံအုတ်မြစ်ကောင်းများတည်ဆာက်ပြီးစီးချိန်မှစတင်ကာ နိုင်ငံတော်တည်ငြိမ်းအေးရေးကို ဦးထိပ်ဆင်ပြီး အခြေခံမူဘောင်များရေးဆွဲကာ ဒီမိုကရေစီစနစ်ကို စနစ်တကျ ညင်သာစွာကူးပြောင်းနိုင်ခဲ့ပါတယ်။
2012 ခုနှစ် ဘင်္ဂလီအကြမ်းဖက်မှုဖြစ်ပေါ်လာချိန် ထိုအခါက နိုင်ငံတော် ဒုတိယသမ္မတတစ်ဦး အနီးကပ်သွားရောက်ကွပ်ကဲကာ ရခိုင်ဒေသကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
လက်ရှိအစိုးရ စတင်တာဝန်ယူပြီးကာလ ၂၀၁၆မှာ အကြမ်းဖက်မှုများ ထပ်မံပေါ်ပေါက်ခဲ့ပြီး ထို့နောက် ကိုဖီအာနန် မြန်မာနိုင်ငံသို့မလာရောက်မှီရခိုင်ပြည်နယ်အတွက် နိုင်ငံခြားရေးဝန်ကြီးဒေါ်စုကြည်မှ ဥက္ကဌအဖြစ်တာဝန်ယူထားသော ရခိုင်ဒေသဆိုင်ရာ ကော်မရှင်တစ်ခုဖွဲ့စည်းခဲ့ပါသေးတယ်။
လက်ရှိအစိုးရလက်ထက်အပေါများဆုံးမှာ ဘာကော်မရှင်ညာကော်မရှင်များဘဲဖြစ်ပါတယ် အဆိုပါကော်မရှင်များသည်အလုပ် လုပ်ခြင်းမလုပ်သည် ရခိုင်ပြည်နယ်နှင့်ပတ်သတ်သော ဒေါ်စုဥက္ကဌတာဝန်ယူနေသည့် ၄င်းကော်မရှင်ကိုကြည့်ပါကသိနိုင်ပါသည်။
၎င်းကော်မရှင် ဘာလုပ်နေသည်တော့မသိ နောက်ထပ်ကော်မရှင်တစ်ခုဖြစ်သော ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းပြီး တစ်နှစ်အကြာ ကော်မရှင်၏ အစီအရင်ခံစာတင်ပြီး နာရီပိုင်အကြာမှာဘဲ  နောက်တစ်ကြိမ်အင်အားအလုံးအရင်းနဲ့ စခန်းပေါင်း(၃၀)ကျော်ကို ၀င်တိုက်သွားရော။
ဒီတော့…ကော်မရှင်တွေ အလုပ်ဖြစ်ကြပါရဲ့လား…… ? တွေးစရာဘဲနော်
ဒီတော့ အခုဆိုရင် မြန်မာနိုင်ငံသား တိုင်းရင်းသားများ မကြားခြင်ဆုံ မမြင်ခြင်ဆုံးအခြေအနေတစ်ခုကို ရောက်လာပါပြီ အဲဒါကဘာလဲဆိုတော့ အကြမ်းဖက်ဖြစ်စဉ်မှာ ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေကို စီစစ်ပြီး ပြန်လက်ခံတော့မယ်တဲ့
ဒီကာလကိုရောက်လာပြီနော် ဟုတ်ပြီ ဘယ်လိုစီစစ်မှာလဲ… ဘယ်လိုစံနှုန်းတွေလဲ နောက်တစ်ခု ၁၉၉၃ခုနှစ် ပြန်လည်စီစစ်လက်ခံရေးဆိုင်ရာ သဘောတူညီချက်တွေကိုပြင်ပေးရမယ်တဲ့ အစိုးရက ဒါဘဲပြောတယ် ဘယ်အချက်ကိုပြင်ပေးရမှာလဲ ပြည်သူကိုတိတိကျကျထုတ်ပြန်ပြတာမျိုးရှိသလာ…?
အစိုးရကလုပ်ခြင်တိုင်းလုပ်နေရအောင် ဒါမြောက်ကိုရီးယားနိုင်ငံမဟုတ်ပါ လူတစ်ဦးမဲတစ်ပြားနှုန်းပေး အမတ်ဖြစ်အောင်လုပ်ပေးပြီးမှ ကိုယ်နဲ့သင့်ရာသင့်ရာ အစိုးရအဖွဲ့ထဲခေါ်ထည့်ခဲ့တဲ့စနစ်မှာ စစ်အစိုးရတစ်ပိုင်း ဒီမိုကရေစီကို အခက်အခဲအမျိုးမျိုးအမြစ်တွယ်ပေးခဲ့သူတွေရဲ့လက်ထပ်မှာတောင်
ဒီလောက်အခြေအနေမဆိုးဘူး အခုတစ်ဖက်နိုင်ငံက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ထွက်ပြေးသွားတာ ဘင်္ဂလီလူဦးရေက တစ်သန်းနီနီးတောင်ဆိုဘဲ အဲဒီပမာဏထဲက ဘယ်လောက်လက်ခံမယ်မသိသေးဘူး။
ဒီတော့ ဒီလူတွေ ဘယ်လောက်ပြန်လာမယ် ဘယ်နေရာမှာထားမလဲ ဘယ်တော့ပြန်လာမယ် အသာထား သူတို့ပြန်လာရင် ဒေသခံရခိုင်တိုင်းရင်းသားတွေ ဘယ်လိုနေရမယ်၊ဒေသခံတိုင်းရင်းသားလူမျိုးတွေရဲ့ အသက်အန္တရာယ်ကို ဘယ်သူအာမခံချက်ပေးနိုင်မလဲ၊ပြန်ဝင်လာတဲ့ ဘင်္ဂလီအင်အားကို လုံခြုံရေးဝန်ထမ်းအင်အားနဲ့နိုင်မနိုင် ဘယ်သူအာမခံချက်ပေးနိုင်ပါသလဲ…..ဘယ်သူမှ အာမခံချက်မပေးနိုင်ဘူး ဒါယူ၊ဒါစား၊ဒီမှာနေ၊ဒါပြော၊ဒါဘဲလုပ်ဆိုတဲ့ စနစ်ဆိုးကြီးကို မဖျောက်နိုင်သ၍ ဘယ်တော့မျ မြန်မာနိုင်ငံမငြိမ်းချမ်းဘူး။


No comments:

Post a Comment

ရခိုင်ပြည်နယ်ကို ဘယ်လိုကယ်တင်မလဲ

အလင်းရောင် လွတ်လပ်ရေးမရခင်အချိန်ကတည်းက ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂလီအကြမ်းဖက်မှုအန္တရာယ်ကို မြန်မာနိုင်ငံသာမက ကမ္ဘာအရပ်ရပ်မှာလဲခံစားနေ...